ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) ကြည့်ရှုစစ်ဆေး







MNP ၊ ဧပြီ ၁၈

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက Phase-1 လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြန်လည်လည်ပတ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Phase-1 လုပ်ငန်းများကို Business Plan များရေးဆွဲ၍ Project Management ဆောင်ရွက်ရန်၊ ထုတ်ကုန်များနှင့် ပတ်သက်၍ ဈေးကွက်သုတေသနလုပ်ငန်း ဆောင်ရွက်ထားရန်၊ ထုတ်ကုန်၊ ကုန်ကျစရိတ်၊ တန်ဖိုး၊ အရှုံး/ အမြတ်တို့ကို စနစ်တကျ တွက်ချက်ထားရှိရန်၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန်၊ ပြည်ပမှ တင်သွင်းလျက်ရှိသည့် သံနှင့် သံမဏိများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရေး ကြိုတင်စီမံတွက်ချက်ထားရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ကြိုတင်စုဆောင်းထားရန်၊ စက်ရုံရှိ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးငြှိမ်းသတ်သည့် အထောက်အကူပြုပစ္စည်းများကို အသင့်ထားရှိရန်နှင့် ဇာတ်တိုက်လေ့ကျင့်ထားရန်တို့ကို မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Business Plan နှင့် Project Management ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းဆွေးနွေးပြီး စက်ရုံအတွင်းရှိ သံရည်ကျိုအလုပ်ရုံ Melt Shop 1 အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)