မိုင်းပျဉ်းမြို့တွင် (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀)ကျော် ရှင်ပြုအလှူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀)ကျော် ရှင်ပြုအလှူပွဲကျင်းပ





MNP - ဧပြီ    ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၁၀)ကြိမ်မြောက် ဗုဒ္ဓဘာသာ ကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀) ရှင်ပြုပွဲကို ယနေ့ နံနက်ပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု ‘ဗဟို’ ကျောင်းတွင် ကျင်းပကြောင်း သိရှိရပါသည်။

မိုင်းပျဉ်းမြို့နယ်တွင် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်ပြုပွဲကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခု ၂၀၂၂ ခုနှစ်တွင် (၁၀)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး၊ မိုင်းပျဉ်းမြို့နယ် တောင်ပေါ်ဒေသရှိ လားဟူတိုင်းရင်းသား/သူ (၅၀၀)ကျော်တို့က မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို သက်ဝင်ယုံကြည်လာကြသဖြင့် ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းကြခြင်းနှင့် ၎င်းတို့၏ ရင်သွေးငယ်များကိုလည်း ရှင်သာမဏေအဖြစ် ရှင်ပြုပေးလိုသောကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု ‘ဗဟို’ ကျောင်း (မိုင်းပျဉ်း)၏ ဗဟိုခေါင်းဆောင်ဆရာတော် အရှင်သီရိဓမ္မ ဦးဆောင်၍ ယခုပွဲအား ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

အဆိုပါ ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်ပြုပွဲတွင် ရွှေဆံနွယ်ဆရာတော် ဒေါက်တာ အရှင်ဝါယမာနန္ဒမှလည်း ၂/၃−၄−၂၀၂၂ ရက်နေ့ ည(၇)နာရီတွင် တရားတော်များ ဟောကြားပေးမည်ဖြစ်ပြီး၊ ဇာတ်သဘင်အငြိမ့်၊ ဈေးပွဲတော်များဖြင့် ၂−၄−၂၀၂၂ ရက်နေ့မှ ၁၁−၄−၂၀၂၂ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော် အရှင်သီရိဓမ္မထံမှ သတင်းရရှိပါသည်။

သတင်း - နန်းသန္တာဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)