Pages

Pages

ခမောက်ကြီးမြို့တွင် မူ၊ လယ်၊ ထက်အဆင့် အတန်းတင်စာမေးပွဲအောင်စာရင်းများ ထွက်ရှိ



MNP  - ဧပြီ   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အခြေခံပညာကျောင်းများ၌ မူ/လယ်/ထက်အဆင့် (သင်ရိုးသစ်/ဟောင်း) အတန်းတင်စာမေးပွဲ အောင်စာရင်းများ ကို ဆရာ၊ဆရာမများက ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ကပ်နှံခဲ့ကြသည်။

အဆိုပါ အတန်းတင်စာမေးပွဲ အောင်စာရင်းများကို ကျောင်းသူကျောင်းသားများ၊ မိဘအုပ်ထိန်းသူများက လာရောက်ကြည့်ရှုခဲ့ကြသည်။ကျောင်းသား/ကျောင်းသူများသည် ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်သည့် ဇွန်လ(၁)ရက်နေ့၌ အတန်းသစ်များ စတင်တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ရူပါမြင့် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment