Pages

Pages

ရွှေကျင်မြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပ



MNP - ဧပြီ   ၂၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိူးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တွင် ကျင်းပပြုလုပ်သည်။

သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တောင်သူ ဦးဇော်မြင့်ဦး၏ ကိုင်းမြေဧက ၁ဝ ဧက သို့ ကြဲပက်စိုက်ပျိုးပေးခဲ့ပြီး စိုက်ပျိုးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ရွှေကျင်မြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧက ၄၀၀  စိုက်ပျိုးကြဲပက်ရန် လျာထားပြီး ယခုလက်ရှိအချိန်တွင် ဧက ၁၀ ကိုစံပြအဖြစ် ကြဲပက် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ဆက်လက်၍ ကျန်ရှိသည့် လယ်ဧကများကိုလည်း မိုးကြိုရာသီ အမီကြဲပက်စိုက်ပျိုးသွားမည်ဖြစ်ကာ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကြောင့် လယ်ယာမြေများ မြေဆီမြေဩဇာ ဖွံ့ဖြိုးတိုးတက်၍ သီးနှံ အထွက်နှုန်းများ တိုးတက်လာမည် ဖြစ်သည့်အပြင် တောင်သူများအနေဖြင့်လည်း မိမိတို့၏ လယ်ယာမြေတွင် သဘာဝသစ်စိမ်း မြေဩဇာများ ထည့်သွင်းခြင်းကြောင့် မြေဆီအာဟာရ တိုးတက်ခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင်မည့်ဖြစ်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုကို လည်းလျော့ချ ပေးနိုင်မည်ဖြစ်သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment