Pages

Pages

ပြင်ဦးလွင် - မန္တလေး အဆင်းလမ်းတွင် ကုန်တင်ယာဉ် ဘရိတ်ပေါက်၍ ထော်လာဂျီကို ဝင်တိုက်မှုဖြစ် ၁ဦးသေဆုံး ၂ဦး ဒဏ်ရာရ





MNP ၊ ဧပြီ ၂၆

ယမန်နေ့ ၂၅.၄.၂၀၂၂ ရက်နေ့၊ ၀၀ ၃၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၅)မိုင်နှင့် (၂၄/၇)ဖာလုံကြားတွင် လားရှိးမှ မန္တလေးသို့ ပြောင်းအိပ်များတင်ဆောင်လာသော HOWO (၂၂)ဘီးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းရှိ ထင်းများတင်ဆောင်လာသောထော်လာဂျီယာဉ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြိုသစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၀၂ ၀၀ အချိန် လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး(သေဆုံး)တို့အား ပြင်ဦးလွင်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment