Pages

Pages

မုဒုံမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပ

 



MNP - ဧပြီ   ၁၇

၁၃၈၄ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ သက်ကြီးဘိုးဘွားများပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် နှစ်ဦးအန္တရာယ် ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်က ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော  ဧည့်ပရိသတ်အပေါင်းတို့မှ ဘိုးဘွားများအား ကန်တော့၍ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အလှူရှင်များက ဘိုဘွားတစ်ဦးလျှင် (၇၀၀၀၀) နှုန်းဘိုးဘွား (၁၅၁) ဦးအား စုစုပေါင်းလှူဒါန်းတန်ဖိုးငွေကျပ် (၁၀,၅၇၀,၀၀၀)ကို လှူဒါန်းပြီး ဘိုးဘွားများ၏ ကိုယ်စား ဘိုးဘွားတစ်ဦးမှ နှစ်ဦးဆုမွန်တောင်းစကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက်  ကန်ကြီးမင်္ဂလာကန်တော်၌ တက်ရောက်လာကြသော တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတို့က ဇီဝိတဒါန ငါးလွှတ်ပွဲ ကုသိုလ်တော်ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment