Pages

Pages

ဂွမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဘုရား၊ စေတီများတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကား






MNP ၊ ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ရှေးဟောင်းသမိုင်းဝင်ဘုရား၊  စေတီပုထိုးများ၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘုရား ဖူးပြည်သူများနှင့်  စည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဂွမြို့၏ တန်ခိုးကြီးရှေးဟောင်းဘုရား၊ စေတီတော်များဖြစ်သည့် သိမ်ကုန်းစေတီတော်မြတ်ကြီးနှင့် နှစ်ထောင့်ငါးရာ စေတီတော်မြတ်များသို့ အများပြည်သူများသည်  မိသားစု၊ သူငယ်ချင်းများ စသည်ဖြင့် အဖွဲ့လိုက် လာရောက်ကြပြီး ပန်း၊ ရေချမ်းအိုး၊ဆီ မီး၊ အမွှေးနံသာတိုင်တို့ကို ထွန်းညှိပူဇော်ခြင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းများ ပြုလုပ်ကြသည်၊၊  ဘုရား၊စေတီသို့ ဘုရားဖူးလာရောက်ကြသော မိဘပြည်သူများကို အလှူရှင်များက အအေးများ လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment