MNP - ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ် သည့် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ စောအောင်မွန် က လူငယ်လူရွယ်များဗလငါးတန် ဖွံဖြိုး တိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုအသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသောအားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းမှသည် အမျိုးသား အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန်၊ နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမား များ ပေါ်ထွက်လာစေရန်၊ လူငယ် လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အားကစားကို ငယ်စဉ်ကတည်းက စနစ်တကျ တတ်သိနားလည်လေ့ကျင့်လာစေရန်ရည်ရွယ်ပြီး အားကစားသင်တန်း(၁၀)မျိုး ကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိ၏အားကစားနည်းများကို တိုးတက်လာအောင် ဆက်လက်လေ့ကျင့်အားထုတ်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်နှင့်တာဝန်ရှိသူများက သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းဆင်းမောင်မယ်များက (ဂျူဒို၊ ကရာတေး၊ မြန်မာ့သိုင်း) အားကစား နည်းများအား သရုပ်ပြသခဲ့ကြောင်းသတင်းရရှိသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment