ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင် သံပယိုစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင် သံပယိုစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေ



MNP - ဧပြီ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါးအပြင် ကိုင်း၊ ကျွန်းမြေများနှင့်ယာမြေအချို့တွင် နေ့စဉ်ဝင်ငွေရရှိမည့် ကာလတို မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် အပင်များနှင့်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျောက်ဆောက်ကုန်းကျေးရွာမှ သံပယိုစိုက်ပျိုးသူများ အပင်ဖြစ်ထွန်းပြီး အသီးသီးဖြိုင်ဖြိုင်သီးလျက်ရှိကြောင်း ရောင်းချရာတွင်ဈေးကောင်းရသဖြင့် အဆင် ပြေလျက်ရှိကြောင်း သံပယိုခြံစိုက်ပျိုးသူ တစ်ဦးထံမှသိရှိရသည်။

သံပယိုသီးနှံစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး နေရာင်ခြည်ကောင်းစွာရရှိစေရန်အတွက် တစ်ပင်နဲ့တစ်ပင် (၁၈)ပေခြားပြီး အတန်းလိုက်စိုက်ပျိုးရကြောင်း၊ သံပယိုအပင်များငယ်ချိန်တွင်  ကာလတိုသီးနှံများဖြစ်သည့် နံနက်၊ ချဉ်ပေါင်၊ ဆလပ် စသည့် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရကြောင်း၊ ကိုင်းကူးအပင်စိုက်ပျိုးပါက စိုက်ပျိုးပြီး တစ်နှစ်ကျော်၊ နှစ်နှစ်အတွင်း စတင်ခူးဆွတ်ရောင်းချရကြောင်း၊ မြေ အစိုဓာတ်မပြတ်ရေသွင်းပေးပြီး လိုအပ်သည့်အချိန်တွင် မြေဩဇာကျွေးပေးခြင်း၊ ကိုင်းအခြောက်များ ရှင်းပေးခြင်းဖြင့် အပင်များကောင်းစွာ ဖြစ်ထွန်းအောင်မြင်၍ အသီးသီးနှုန်းလည်း ပိုမိုကောင်းမွန်ကြောင်း ကျောက်ဆောက်ကုန်းကျေးရွာမှ သံပယိုခြံ ပိုင်ရှင် ဦးမင်းနိုင်က ပြောပြသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ သံပယိုခြံပိုင်ရှိများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော သံပယိုအပင် များ၏ အသီးသီးနှုန်းမှုအပေါ်မူတည်ကာ ခူးဆွတ်ရောင်းချလျှက်ရှိရာ အသီးအရွယ်အစားအလိုက် မိုးရာသီတွင် အသီးတစ်လုံးလျှင် ငွေ(၅)ကျပ်မှ(၁၀)ကျပ်အထိရောင်းချရပြီး နွေရာသီတွင် ငွေ(၁၀၀)ကျပ်မှ (၁၂၀)ကျပ်အထိ ရောင်းချရကြောင်း သံပယိုအပင် (၂၀၀၀)စိုက်ပျိုးထားပါက အပင်အပြုအစုအပေါ် မူတည်ပြီး  (၂)ရက်ခြားခူးဆွတ်ပါက အသီး(၂)သိန်းခန့် ခူးဆွတ်ရောင်းချရသဖြင့် သံပယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)