MNP - ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စာရေးဆရာမ Monica Lahtaw(Hkawawm)၏ “ ဖွင့်ကြည့် လိုက်ပါ (တစ်ခုတော့ကျန်ခဲ့မှာပါ)” အတွဲ(၂) ပုံပြင်စာအုပ်မှ “အမြစ်ကောင်းကောင်းတွယ်ဖို့ လိုတယ်” စသည့်အကြောင်းအရာဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားကာ အလုပ်လုပ်သည့်နေရာတွင် စေတနာပါပါဖြင့် လုပ်တတ်စေရန်နှင့် ပုံပြင်တိုစာအုပ်တွေ လေ့လာဖတ်ရှုကြရန် ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမျိုးသူရနှင့် မြို့နယ်ထွေ/အုပ်ရုံးက ဝန်ထမ်းများက စာရေးဆရာမ Monica Lahtaw(Hkawawm)၏ “ ဖွင့်ကြည့် လိုက်ပါ (တစ်ခုတော့ကျန်ခဲ့မှာပါ)” အတွဲ(၂) ပုံပြင်စာအုပ်မှ “အမြစ်ကောင်းကောင်းတွယ်ဖို့လိုတယ်” စသည့် အတွေးရသစာပေအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ဝေသော ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်(Omicron) မျိုးရိုးဗီဇကွဲ အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ထင်အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment