MNP ၊ ဧပြီ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန် ကာလအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ စည်းကမ်းသေဝပ်ရေး၊ ပြည်သူများစိတ်အေးချမ်း ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေးကို ရှေးရှု၍ အများပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ပါဝင်သော ဒေသန္တရအမိန့် (၂/၂၀၂၂)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဧပြီလ(၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသန္တရအမိန့်တွင် သင်္ကြန်ရေပက်ကစားရာတွင် အန္တရာယ်ဖြစ်စေသည့် ရေကစားနည်းမျိုး မကစားကြရန်၊ ရေကစားမဏ္ဍပ်အနီး ပတ်ဝန်းကျင်တွင် တရားမဝင်အရက်သေစာများ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် တွေ့ရှိပါက တာဝန်ရှိသူများအား သတင်းပေးပို့တိုင်ကြားရန်၊ အမျိုးသမီးများအား ကာယအိန္ဒြေပျက်ပြားစေမည့် အပြုအမူမျိုး မပြုလုပ်ကြရန်၊ တုတ်ဓါးလက်နက်များ ကိုင်ဆောင်ခြင်း/ စုဆောင်းခြင်း မပြုလုပ်ကြရန်၊ မြန်မာ့ရိုးရာသင်္ကြန်နှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ မပြုကြရန်၊ ဗျောက်အိုးဖောက်ခြင်း/မီးရှူးမီးပန်းများဖောက်ခြင်း မပြုကြရန်၊ ရေကစားခြင်းကို နံနက်(၆)နာရီမှ ညနေ(၆)နာရီထိသာ ဆောင်ရွက်ရန်၊ နိုင်ငံတော်အစိုးရ အပေါ် ဂုဏ်သိက္ခာနှင့် အကြည်ညိုပျက်စေမည့် ပြောဆိုခြင်း/သံချပ်ထိုးခြင်း/ သီဆိုခြင်း/ လှုပ်ရှားဆောင်ရွက်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မပြုကြရန် စသည့် အများပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်(၈)ချက်ကို ထုတ်ပြန်ထားပြီး စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment