ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၄၈၀၂၅၅ ဦးထိုးပေးနိုင်ပြီဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၄၈၀၂၅၅ ဦးထိုးပေးနိုင်ပြီဖြစ်



MNP -  ဧပြီ   ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၄၈၀၂၅၅ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာနေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ ၂၃၈၁၅၄ ဦး ထိုးနှံပေးပြီး ဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၂၄၂၁၀၁ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၄၈၀၂၅၅ ဦး ထိုးပေးနိုင်ပြီ ဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန်မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတိုးလွင်က ရှင်းပြ၍သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)