တံတားဦးမြို့နယ်တွင် မြို့အဝင်အထွက်ဂိတ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး၊ မပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့်ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်တွင် မြို့အဝင်အထွက်ဂိတ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး၊ မပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့်ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်

 


MNP -  ဧပြီ    ၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး၊ မပြီး စစ်ဆေးခြင်းနှင့် မထိုးနှံသေးပါက တစ်ခါတည်း ထိုးနှံပေးခြင်းများအား  တံတားဦး-မြို့သာ ကာလမ်း အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ BOC ဆီဆိုင် အနီးတွင် ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်နှင့် အထက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု လက်မှတ်စစ်ဆေးခြင်း၊ မထိုးနှံရသေးပါက ချက်ချင်း ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူများ ထိုးပြီးခြောက်လကျော်ပါက ထပ်ဆောင်းထိုးနှံပေးခြင်းများနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တံတားဦးမြို့နယ်အတွင်း ထိုးနှံနိုင်ငရေးနှင့် ခရီးသွားပြည်သူများ ကာကွယ်ဆေး  ထိုးနှံပြီး၊ မပြီး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေးများကို သတ်မှတ်ကာလအတွင်း  ထပ်ဆောင်းဆေးထိုးနှံပြီး၊ မပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း - ရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)