“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပန်မြို့ပြည်သူ့ဆေးရုံသို့ ကြည်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပန်မြို့ပြည်သူ့ဆေးရုံသို့ ကြည်ရှုစစ်ဆေး

 




MNP - ဧပြီ  ၁၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည်အဖွဲ့ဝင်များနှင့်အတူ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့လိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံအတွင်း ကုသရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပထမဦးစွာ ခွဲစိတ်ခန်းပြင်ဆောင်ဆောင်ရွက်ထားရှိမှု၊ သားဖွားခန်းပြင်ဆင်ဆောင်ထားရှိမှု၊ ဆေးပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ကိုကိုက ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌက လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် အရှည်(၅၀)ပေ၊ အမြင်(၈)ပေရှိ ကျောက်စီနံရံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် Isolation Ward တည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေးတွန်းအားပေးဆောင်ရွက်သွားရန်နှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်သွားရန်၊ လိုအပ်ချက်များရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)