MNP ၊ ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို စဉ့်ကူးမြို့နယ်စည်ပင်သာယာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူများက စဉ့်ကူးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၄)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၃၃၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ ကျပ် (၂၆၁၉၈၀၀၀)၊ လေဘေးသင့်ပြည်သူ (၁၄၉၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၁၂၉၀၀၀)၊ ဒဏ်ရာရရှိခဲ့သည့် ပြည်သူ (၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) နှင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၄)လုံးမှ အိမ်ထောင်စု(၁၄)စု အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၆၈၆၅၀၄) ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၄)ပုံး၊ စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေကျပ် (၃၀၁၁၃၅၀၄)အား လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့သည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လေဘေးသင့်ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost







No comments:
Post a Comment