ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 




MNP - ဧပြီ   ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသော နေအိမ်များကို ထောက်ပံ့ငွေပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြေနုကျေးရွာသို့ ရောက်ရှိပြီး ရုတ်တရက်လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသော နေအိမ်များအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကာ အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုတောင်းပြည့်ကျေးရွာအုပ်စုရှိ တောင်သူဦးမန်းငြိမ်းမောင်၏ လယ်ယာမြေ ၂၀ ဧကတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ၌ တောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) နှင့်ပတ်သက်သည့်အကြောင်းအရာများအား အသိပညာပေးဆွေးနွေး ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျေးလက်လမ်း Mini Budget ရွှေတောက်ထိန် ကုမ္ပဏီမှဆောင်ရွက်သော ကွန်ကရစ်လမ်း ၆ ဖာလုံ ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆုတောင်းပြည့်ကျေးရွာ မူလတန်းကျောင်းပြင်ဆင်ပြီးစီးမှုအား ကြည့်ရှု၍ လိုအပ်သည်များဖြည့်ဆည်းပေးနိုင်ရေး ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

သတင်း - ပြည့်ဖြိုးကျော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)