ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စစ်တွေမြို့၌ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စစ်တွေမြို့၌ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်



MNP -  ဧပြီ   ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စစ်တွေမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့တွင် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ မဟာသင်္ကြန်ပွဲတော် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ စစ်တွေမြို့မှာ မဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်၊ ဆိုတော့ သင်္ကြန်အကြိုနေ့မှာပေါ့ ကျွန်တော် တို့ ရခိုင်ရိုးရာနံ့သာသွေးပွဲကို စစ်တွေမြို့ဦးဥတ္တမခန်းမမှာ ပြုလုပ်ပြီးတော့ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးသို့ သွားရောက်ပြီးတော့ ဘုရားရေသပ္ပါယ်ကြမှာ ဖြစ်ပါတယ်၊ အဲ့ဒီနေ့ညနေပိုင်းမှာပဲ ဦးဥတ္တမပန်းခြံရှေ့မှာ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယိမ်းအဖွဲ့အကအဖွဲ့တွေ အဆိုတော်တွေနဲ့ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်နဲ့ ဖွင့်လှစ်သွားဖို့ရှိပါတယ်၊ နောက်နေ့မှာတော့ ကျွန်တော်တို့ စစ်တွေမြို့ မိဇံရပ်ကွက် မှာရှိတဲ့ ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်ကို ဖွင့်လှစ်သွားဖို့ရှိပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ပထမဆုံးပြုလုပ်တဲ့ လမ်းလျှောက်သင်္ကြန်ပေါ့၊ ဒီလမ်းလျှောက်သင်္ကြန်ကိုတော့ စစ်တွေမြို့ ရှုခင်းသာလမ်း(ကမ်းနားလမ်း) စာတိုက်ကြီးအနီးက နေပြီးတော့ တြိဂံလမ်းဆုံအထိပေါ့ ကျင်းပသွားဖို့ရှိပါတယ်၊ ဒီလမ်းလျှောက်သင်္ကြန်ကျင်းပတဲ့ နေရာတစ်လျှောက်မှာလည်း ကျွန်တော် ဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေက စုပေါင်းပြီးတော့ စတုဒီသာ ကျွေးမွေးသွားဖို့ စီစဉ်ထားပါတယ်” ဟုပြောကြားသည်။

စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပသည့် ရေကစားမဏ္ဍပ်များအပြင် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ ပုဂ္ဂလိကရေကစားမဏ္ဍပ်လည်း တည်ဆောက်လျက်ရှိရာ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။ အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

သတင်း - တင်ထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)