ရွှေတောင်မြို့နယ်တွင်မီးဘေးလုံခြုံရေး စစ်ဆေး-ဟောပြော-သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်မီးဘေးလုံခြုံရေး စစ်ဆေး-ဟောပြော-သရုပ်ပြသ

 




MNP - ဧပြီ   ၂၅

ပဲခူး တိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် မီးသတ် ဦးစီးမှူးရုံးမှ ယမန်နေ့နေ့လည်ပိုင်းက မီးဘေးလုံခြုံရေးလက်တွေ့ မီး ငြိမ်းသတ်ခြင်းလုပ်ငန်းများကိုမြို့နယ်ရဲတပ်ဖွဲ့စခန်းတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကိုမြန်မာနိုင်ငံ မီးသတ် ဦး စီးဌာန၊အထက်အဆင့်ဆင့်၏လမ်းညွှန်မှုများကိုခံယူလျှက်ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကို ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် မီးဘေးလုံခြုံ ရေးအတွက် လိုက်လံစစ်ဆေးခြင်း၊ တပ်ဖွဲ့ဝင်များအား မီးဘေးအသိပညာပေး ဟောပြောခြင်း၊  ကိုယ်တိုင် လက်တွေ့ငြှိမ်းသတ်ခြင်း၊ သရုပ်ပြသခြင်း ဆောင် ရွက် ခဲ့ကြကြောင်းရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှသိရသည်။

သတင်း - ကိုကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)