မိုင်းပျဉ်းမြို့တွင် နွေရာသီ အားကစာသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် နွေရာသီ အားကစာသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ


MNP - ဧပြီ   ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီအားကစားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ၂၀၂၂ ခုနှစ်၊ ယနေ့ မွန်းလွှဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ရပ်မိရပ်ဖများကိုယ်စား ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန့်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဟိန်းထက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်လွင်တို့က သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးကြပြီး သင်တန်းသား/သူများက လက်ခံရယူခဲ့ ကြပါသည်။

အဆိုပါ  မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီအားကစားသင်တန်းကို ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ မူးယစ်ဆေးဝါးကင်းစင်သောသူများဖြစ်ပြီး ကျန်းမာကြံ့ခိုင်သန်စွမ်း ထက်မြက်သူများဖြစ်လာကြရေးအတွက် ရည်ရွယ်၍ ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကရာတေးဒိုနှင့် မြန်မာ့သိုင်းပညာ အားကစားနည်းတို့ကို သင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း - နန်းသန္တာဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)