MNP - ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကိုင်းမကြီးကျေးရွာအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် အပေါ့စား မီးငြှိမ်းသတ်စက်တစ်စုံကို ဧပြီ ၂၁ ရက်က ခရိုင်မီးသတ်းဦးစီးမှူး ရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ကိုင်းမကြီးကျေးရွာတွင် ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့က မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားရခြင်းသည် တစ်ဦးတစ်ယောက်၏ ပေါ့ဆမီးကြောင့် မီးကြွင်းမီးကျန်မှတစ်ဆင့် အိမ်ခြေပေါင်း (၇၂) အိမ် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ နောက်နောက် ယခုကဲ့သို့ ပေါ့ဆမီးကြောင့် မီးလောင်မှု ထပ်မံမဖြစ်ပွားစေရေးနှင့် မီးဘေးန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ကျေးရွာနေပြည်သူများအနေဖြင့် သတိပြုနေထိုင်သွားရ မည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ထောက်ပံ့သော အပေါ့စားမီးငြှိမ်းသတ် စက်တစ်စုံကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကိုင်းမကြီးကျေးရွာအတွက် (DEYOUNG) အမျိုးအစား အပေါ့စားမီးငြှိမ်းသတ် စက်တစ်စုံကို မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါမီးသတ်စက်ကို မြေပြင်တွင် လက်တွေ့အသုံးပြု ဆောင်ရွက်နိုင်စေရန် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မောင်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment