သိန္နီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမီတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ



MNP - ဧပြီ   ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမ အသင်းလီမီတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့ အတွက် အသင်းသားများအား အမြတ်ငွေထုတ်ပေးခြင်းနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က သိန္နီမြို့၊ ရပ်ကွက်(၁) ဈေးတန်း ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဦးစိုင်းခိုင်ဝင်း၊ ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းမှ သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ် သမဝါယမ ဦးစီးအရာရှိ ဒေါ်ခင်ခင်သောင်းမှ အသင်း၏လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားခြင်း၊ ထို့နောက်အသင်းဝင်းများမှ ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမ လီမီတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ ဖတ်ကြားခြင်း၊ အသင်းသား စာရင်းစစ် အစီရင်ခံစာဖတ်ကြားခြင်း၊ အသင်း၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ချုပ်စာရင်းအား ရှင်းလင်းခြင်း၊ အမှုဆောင် ဒါရိုက်အဖွဲ့ဟောင်းမှ နှုတ်ထွက်ခြင်းနှင့် အမှုဆောင်ဒါရိုက်တာ အသစ်ရွေးချယ်ခြင်း၊ အသင်းသားတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တို့အတွက် အမြတ်ငွေများ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့နယ် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး အသဝါယမအသင်းတွင် ဝင်ရောက်လိုသော အသင်းသား အသစ်များအနေဖြင့် ပြည်သူ့ဝန်ထမ်းဦးဖြစ်ပါက အသင်းမှ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ဝင်ရောက်နိုင်ကြောင်း မြို့နယ်ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမ ဦးစီးအရာရှိ ဒေါ်ခင်ခင်သောင်းထံမှ သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)