ရွှေပြည်သာမြို့နယ်၌ အိန္ဒိယနိုင်ငံမှလှူဒါန်းသော ဆန်နှင့်ဂျုံအိတ်များအား ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌ အိန္ဒိယနိုင်ငံမှလှူဒါန်းသော ဆန်နှင့်ဂျုံအိတ်များအား ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေ



MNP - ဧပြီ    ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများအား ဖြန့်ဝေမည့် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသည့် ဆန်နှင့်ဂျုံအိတ်များအား ယမန်နေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၂၆)ရပ်ကွက် ကျောင်းကုန်းရှိ အစာစပ်စက်ရုံ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်၊

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၂၇)ခုရှိပြီး လှူဒါန်းသည့်  ၅၀Kg ပါဆန်အိတ်ပေါင်း ၂၂၅၁၄ အိတ် ၅၀ Kg ပါဂျုံအိတ်၄၅၀အိတ်တို့အား ပြည်သူများထံရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများက စနစ်တကျ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှူဒါန်းသည့် ဆန်နှင့်ဂျုံအိတ်များ ပြည်သူများထံ စနစ်တကျရောက်ရှိရေးအတွက် ရွှေပြည်သာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှူရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နေမျိုးထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)