ကျိုက်မရောမြို့နယ်၌ ရေရှားပါးသောကျေးရွာများသို့ သောက်သုံးရေဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ်၌ ရေရှားပါးသောကျေးရွာများသို့ သောက်သုံးရေဖြန့်ဝေပေး



MNP - ဧပြီ   ၂၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင် ဝန်ထမ်းများသည် ပူပြင်းသော‌ နွေရာသီကာလအတွင်း ရေတွင်းရေကန်များ၌ ရေပြတ်လတ်မှုများ ဖြစ်ပေါ်နေသော အတ္တရံရပ်ကွက်အနိမ့်ပိုင်းရှိ နေအိမ်များသို့ မီးသတ်ရေသည်ယာဉ်ဖြင့် သောက်သုံးရေများ လှည့်လည်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် စတင်ဖြန့်ဝေ ပေးလျက်ရှိသည်။

ကျိုက်မရောမြို့နယ် ကမ်းနားလမ်းနှင့် အနိမ့်ပိုင်းရပ်ကွက်များရှိ သောက်ရေကန်များ၊ ရေတွင်းများမှာ ယခင်နှစ်များတွင် ခန်းခြောက်မှုမရှိဘဲ ယခုနှစ်ဧပြီလအစမှ စတင်ကာ ခန်းခြောက်စပြုလာပြီး ရေရှားပါးပြတ်လတ်မှုရှိခဲ့သဖြင့် ဒေသခံများအနေဖြင့် နေ့စဉ်သောက်ရေ အခက်အခဲများ ကြုံတွေ့နေရသဖြင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်သောင်းဦးနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေရှားပါးလျက်ရှိသော ရပ်ကွက်၊ ကျေးရွာများသို့ ရေဂါလံ (၈၀၀) ခန့်ကို အခမဲ့ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍လည်း သောက်သုံးရေ လိုအပ်နေသော ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချိုမြတ်မြတ်ထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)