MNP - ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် အတက်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ရေပက်ဖျန်းကစားလျက်ရှိကြသည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဖျာပုံခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ယိမ်းအဖွဲ့နှင့် ဧရာဝတီဟန်မင်းကိုအဖွဲ့မှ တေးသံရှင်းများက သီဆိုဧည့်ခံဖျော်ဖြေခြင်းနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးခြင်းတို့ဖြင့် ပြည်သူများပျော်ရွှင် အေးချမ်းစွာဖြင့် ရေပက်ဖျန်းကစားလျက်ရှိကြောင်း သိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment