Pages

Pages

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွက် စာမေးပွဲအောင်စာရင်းများထုတ်ပြန်



MNP - ဧပြီ   ၂၅

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် (နဝမတန်း)အထိ ကျောင်းတွင်းစစ် အတန်းပြီးမြောက်မှုစစ်ဆေးခြင်း စာမေးပွဲများအောင်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်း(၄)ကျောင်းတို့တွင် ယမန်နေ့နံနက် ၇:၀၀ နာရီမှ စတင်ထုတ်ပြန် ကြေညာပေးခဲ့ရာ ကျောင်းသား၊  ကျောင်းသူများနှင့်ကျောင်းသားမိဘများ  အောင်စာရင်း လာရောက်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့်(နဝမတန်း) အထိ ကျောင်းတွင်းစစ် အတန်းပြီးမြောက်မှု စစ်ဆေးခြင်းစာမေးပွဲများကို မတ်လ ၁၇ ရက်မှ  ၂၃ ရက်နေ့အထိ တိုင်းဒေသကြီးများနှင့်ပြည်နယ်အသီးသီး၌ ကျင်းပခဲ့ကြပြီး ဧပြီလ ၂၄ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဌာနများမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထွက်ရှိခဲ့ ကြောင်း သတင်းရရှိသည်။

သတင်း - ဟန်စုယဉ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment