Pages

Pages

လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ်လှူဒါန်းသော ဆန်နှင့်ဂျုံများကို ရပ်ကွက်/ကျေးရွာများ အရောက် ဖြန့်ဝေထောက်ပံ့ပေးမှုအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှု


MNP ၊ ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ များအား အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံများအား ယနေ့နံနက်(၈)နာရီ၌ အမှတ်(၂၁)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ဖြန့်ဝေပေးလျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကာရင်းရင်းနှီးနှီးတွေ့ဆုံပြောကြားခဲ့ပြီး ပြည်သူများ အခက်အခဲများ တင်ပြမှုအပေါ် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 အဆိုပါဆန်နှင့်ဂျုံများထောက်ပံ့ပေးအပ်မှုတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများအလိုက် ပြည်သူများ လက်ဝယ်အရောက် ရောက်ရှိနိုင်ရေး ဖြန့်ဝေပေးနေမှုနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ်အတွင်းရှိ ပြည်သူများအား တာဝန်ရှိသူများက ဆက်လက်ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရှိရသည်။


သတင်း - သက်မင်းဟန်(ဒဂုံတောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment