မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများဆောင်ရွက်



MNP -  ဧပြီ   ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုများကို စည်ပင်သာယာမြို့မဈေး၌ ယနေ့ နံနက် ၆ နာရီ၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုအား မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်၏ ဦးဆောင်မှုဖြင့် ဧပြီလ ၂၂ ရက်နေ့မှစ၍ နေ့စဉ်‌ဆောင်ရွက်လျက်ရှိပြီး မချမ်းဘော့မြို့မဈေးရှိ ဈေးရောင်း/ဝယ် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြစေရေး နှိုးဆော်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး နံနက်(၈)နာရီခွဲမှ နေ့လယ်(၁၂) နာရီခွဲ အထိ  မချမ်းဘောမြို့ ဂူဘားလမ်းဆုံ၌ ဖြတ်သန်းသွား လာသူပြည်သူများအား ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးခြင်း ရှိ/မရှိစစ်ဆေးမေးမြန်းပြီး အသက် (၁၈)နှစ်အထက် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ  ပြည်သူလူထု (၆၆) ဦးအား ကိုဗစ်- ထိုးနှံပေးနိုင်ခဲ့ပါကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)