မိုင်းဖြတ်၌ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်၌ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်




MNP -  ဧပြီ   ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းပြီး စုပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် အဆင့်ဆင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မိုင်းဖြတ်တပ်နယ်မှ စစ်သည်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများစုပေါင်းပြီး မြို့တွင်းအထင်ကရ နေရာများနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တို့တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)