MNP - ဧပြီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ငါးနှစ်အောက်ကလေးငယ်များ ကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများကို သတ်မှတ်ထားသည့်အကြိမ်နှင့် သတ်မှတ်ထားသည့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များတွင် ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာ ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုး ရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများ ထိုးနှံရာတွင် မွေးကင်းစမှ နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲ၊ ကိုးနှစ်၊ ဆယ်နှစ်ဟူ၍ လအလိုက်၊ နှစ်အလိုက်ခွဲခြားပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့နှင့် မိခင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်း -ခွန်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment