MNP ၊ ဧပြီ ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ထားကြောင်းသိရသည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အထက(ခွဲ)(၆)ကျောင်း၊ အလက(၇)ကျောင်း၊ အလက(ခွဲ)(၄)ကျောင်း၊ အမက(မူလွန်) (၁၅)ကျောင်း၊ အမက(၇၈)ကျောင်း၊ မ(ခွဲ)(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၁၉)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သတင်း - သိန်းဖေ
Myanmar National Post
No comments:
Post a Comment