တောင်ဥက္ကလာပမြို့နယ်တွင် မဟာသင်္ကြန်ကာအတွင်း ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် မဟာသင်္ကြန်ကာအတွင်း ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ယူ

 



MNP - ဧပြီ    ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများ၌  မဟာသင်္ကြန်နှစ်ကူးကာလ နံနက်ပိုင်းအချိန်မှစ၍ အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဥက္ကလာပစေတီ၊ ခုနစ်ဆူဘုရား၊  ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အလိုက် ဓမ္မာရုံများသို့  သက်ကြီးရွယ်အို အဘိုး/အဘွားများနှင့် ဒေသခံပြည်သူများမှ သွားရောက်ပြီး  သင်္ကြန်ကာလ အခါသမယ၌ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်း တရားစီးဖြန်းခြင်းများအား စိတ်အေးချမ်း သာယာစွာ ကောင်းမှုကုသိုလ်ပွားများ အားထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ထက်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)