MNP - ဧပြီ ၁၅
၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစဉ်လာမပျက် ထိန်းသိမ်းရန်နှင့် အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်း မြို့နယ်ရေကစားမဏ္ဍပ်တွင် ယနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ပြည်သူများရေကစားခြင်းနှင့် စတုဒိတာများ ကျွေးမွေးခြင်းများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ မြို့နယ်ရေကစားမဏ္ဍပ်ကို မြို့နယ်စီမံချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် ရေကစားမဏ္ဍပ်သို့ လာရောက်သူများနှင့် ပြည်သူများအား စတုဒိတာ ကျွေးမွေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
အလုံမြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် မြို့နယ်ရေကစားမဏ္ဍပ်အပြင် ရပ်ကွက်များတွင်လည်း ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်းနှင့် စတုဒိတာကျွေးမွေး လှူဒါန်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
သတင်း - တင်တင်ချို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment