Pages

Pages

ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရေရှားပါးသည့် ခြံကန် (မြောက်) ကျေးရွာနှင့် စာဂီကျေးရွာသို့ သောက်သုံးရေ ဂါလံ ၁၅၆၇၀ သွားရောက်လှူဒါန်း

 


MNP - ဧပြီ    ၂၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ နွေရာသီကာလ သောက်သုံးရေရှားပါးသည့် စိန်ပန်းပင် ကျေးရွာအုပ်စု ခြံကန်(မြောက်)ကျေးရွာနှင့် ကံကြီးကျေးရွာအုပ်စု စာဂီကျေးရွာရှိ ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက သောက်သုံး ရေဖူလုံစေရန်အတွက် ရေဂါလံ ၁၅၆၇၀ ဂါလံကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနပိုင် ရေသယ်ယာဉ်ဖြင့် ခြံကန်(မြောက်)ကျေးရွာရှိ အိမ်ထောင် စု ၂၂၅ စုနှင့် စာဂီကျေးရွာရှိ အိမ်ထောင်စု ၈၃ စုအား တစ်အိမ်ထောင်လျှင် ရေဂါလံ ၅၀ နှုန်းဖြင့် စုစုပေါင်းရေဂါလံ ၁၅၆၇၀ ဂါလံကို စနစ်တကျခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment