Pages

Pages

လှိုင်းဘွဲမြို့နယ်တွင် မှီခိုသူ သား/သမီးများ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ





MNP - ဧပြီ    ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာ အခြေချ (လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များမှ ဇနီသည်များ၏ သားသမီးများအား ကျောင်းပိတ်ရက် အားလပ်ချိန်တွင် အခြေခံဗုဒ္ဓတရားများ သိရှိနိုင်စေရန်နှင့် ယဉ်ကျေးလိမ္မာစေရန်အတွက် မှီခိုသူသား/သမီးများ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂၈) ခြေလျင် တပ်ရင်း ဒေါနခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဖွင့်ပွဲတွင် မဲဆမိတ်ကျောင်း ဆရာတော် အရှင်စန္ဒရက ဩဝါဒမိန့်ကြားခဲ့ပြီး စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်ချိန်တွင် အခြေခံဗုဒ္ဓတရားတော်များကို သင်ယူပြီး ယဉ်ကျေးလိမ္မာစေရန်နှင့် အသိအမြင်များ၊ အတွေးအခေါ်များ မှန်ကန်လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို မြင့်မားလာစေရန်၊ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ အခြေခံဗုဒ္ဓတရားတော်များကိုသိရှိပြီး လိုက်နာဆောင်ရွက်စေရန်၊ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်က သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းနည်းပြ(၁၃)ဦးက ကျောင်းသား၊ကျောင်းသူ (၁၄၀) ဦးဖြင့် ဧပြီလ(၂၅)ရက်နေ့မှ မေလ(၉)ရက်နေ့အထိ (၁၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment