Pages

Pages

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လ) အထိ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - ဧပြီ   ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဧပြီလမှ မတ်လအထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  ဦးဝင်းသန်းက မြို့နယ်အတွင်း ကျေးရွာများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေးထားဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် အရည်အသွေးပြည့်မီပြီး စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရန်၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်စန္ဒာအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဒေသန္တရာစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ် စီမံကိန်းရေးဦးစီးဌာနဦးစီးမှူးတို့က ကဏ္ဍအလိုက် စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှု လျာထားချက်များကို သက်ဆိုင်ရာဌာနဆိုင်များထံ အသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောခဲ့ကြောင်း သိရှိရသည်။

သတင်း - စောဒိ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment