Pages

Pages

ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရွှေတောင် မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်



MNP - ဧပြီ    ၁၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရွှေတောင်မြို့နယ်အတွင်းရှိ လေဘေးသင့်၍ အမိုးလန်အိမ်ခြေ(၅၂)လုံးနှင့် လူဦးရေ(၁၇၄)ဦနှင့်အိမ်ပြို (၂) လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေနှင့် ထောက်ပံ့ ပစ္စည်းများကို ယနေ့နေ့လယ်ပိုင်းက ရွှေတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်တို့က ဧပြီလ (၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကျွန်းကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စု၊ ကွေ့မကျေးရွာအုပ်စုနှင့် ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင် အမိုးလန်အိမ်ခြေ (၅၂)လုံး လူဦးရေ (၁၇၄) တို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၁၇,၈၀၀) ကျပ်နှင့်ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃၆၅,၄၀၀) ကျပ်၊ စုစုပေါင်း (၁,၉၈၃,၂၀၀) ကျပ်နှင့် ကျောက်ထရံအုပ်စု စစ်ကုန်းကျေးရွာနှင့်ကွင်းယားကြီး ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတို့တွင်ပြိုလဲအိမ် (၂) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပါ (၂) ပုံးအိမ်၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်လျှင် ကျပ် (၁)သိန်းနှုန်းဖြင့်စုစုပေါင်းငွေ (၂) သိန်းကျပ်အား လေဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment