Pages

Pages

ရွှေမြနန္ဒာ မြို့ဦး မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်(၇)ရက် တရားစခန်းပွဲ ကျင်းပ

 




MNP - ဧပြီ    ၁၁  

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် ရွှေမြနန္ဒာ မြို့ဦး မဟာစည်သာသနာ့ရိပ်သာအတွင်း၌ ယနေ့နံနက်မှစ၍ (၇)ရက် သင်္ကြန်တရားစခန်းပွဲ ကျင်းပလျက် ရှိသည်။ 

မဟာသတိပဋ္ဌာန်ဝိပဿနာ သင်္ကြန်တရားစခန်းပွဲကို ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကမ္ဘာ့ဗုဒ္ဓသာ သနာပြု အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ ဥပနိဿယအတိုင်း တန်ခူးလဆန်း (၁၁) ရက်နေ့မှ တန်ခူးလပြည့်ကျော်(၂)ရက်နေ့အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ သင်္ကြန်တရားစခန်းပွဲ၌ သံဃာတော်(၂၀)ပါး၊ သီလရှင်(၄)ပါး၊ အမျိုးသားယောဂီ(၅)ဦးနှင့် အမျိုး သမီးယောဂီ(၃၀)ဦး စုစုပေါင်း(၅၉)ဦး တရားစခန်းဝင်ရောက်၍ မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်း၊ သတိပဋ္ဌာန်ရှုမှတ်ပွားများပုံတို့ကို ရှုမှတ်၍ ဘဝ၏ငြိမ်းအေးရာကို ရှာဖွေနေကြကြောင်း သိရသည်။ 

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment