မံစီမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မံစီမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးတိုက်ကျွေး



MNP - ဧပြီ   ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကောင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက ရပ်ကွက်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အသက်(၆)လအထက်မှ အသက်(၃)နှစ်အောက် ကလေးငယ်များကို ဗိုက်တာမင်အေနှင့် သံချဆေးတိုက်ကျွေးခဲ့ခြင်းဖြစ်ပြီး အသက်(၆)လမှ (၁၁)လအရွယ် ကလေးငယ်များကို ဗိုက်တာမင်အေ (၁)သိန်းအားကိုလည်းကောင်း၊ အသက်(၁)နှစ်မှ (၂)နှစ်အရွယ် ကလေးငယ်များကို ဗိုက်တာမင်အေ (၂)သိန်းအားကိုလည်းကောင်း၊ အသက်(၂)နှစ်အထက်မှ (၅)နှစ်အရွယ် ကလေးငယ်များကို ဗိုက်တာမင်အေ (၂)သိန်းအားနှင့် သံချဆေးကိုလည်းကောင်း တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို မံစီမြို့နယ်အတွင်း၌ (၆)လလျှင် တစ်ကြိမ် တိုက်ကျွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)