Pages

Pages

မဟာသင်္ကြန်အကြတ်နေ့ တွင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိ

 








MNP ၊ ဧပြီ ၁၅

မဟာသင်္ကြန်အကြတ်နေ့တွင် မွန်ပြည် နယ်၊ သထုံခရိုင် ၊ကျိုက်ထိုမြို့နယ် ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး အား အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျှက် ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့၏ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ၊ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများမှာ ကင်မွန်းစခန်းတောင်ခြမှ ရင်ပြင်ပေါ်သို့  တောင်တက်ကား ၊ကေဘယ်လ် များဖြင့် အေးချမ်းစွာ တက်ရောက်လာကြပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်း ၊ ဆီမီး၊ နံသာတိုင်များ အား အေးချမ်းစွာ ကပ်လှူ ပူဇော် သူများဖြင့်စည်းကားလျှက်ရှိရာ   မဟာသင်္ကြန်ပွဲတော်ကာလတွင် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီ တော်မြတ်ကြီးအားနေ့စဉ် ဘုရားပြည်သူ (၅၀၀၀)ဦးခန့် လာရောက်ဖူးမျှော်လျက်ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ မှ သိရသည်။

အဆိုပါ ဘုရားဖူးလာ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေး ဘုရားဂေါပကအဖွဲ့များမှ နှိုးဆော်အသိပေးခြင်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။  



သတင်း - သန်းသန်းမော်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment