MNP ၊ ဧပြီလ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ တွင် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်မဟာသင်္ကြန်အကြတ်နေ့၌ ဂွမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိကြောင်းသိရသည်။
သင်္ကြန်အကျနေ့တွင် ဂွမြို့အတွင်းရှိ ရပ်ကွက်၊ကျေးရွာအလိုက် စတုဒီသာများကျွေးမွေးကြပြီး ရေကစားသူများ၊ရေပက်ခံအဖွဲ့များနှင့်အေးချမ်းပျော်ရွင်စွာ ရေဆော့ကစားလျက်ရှိသည်။ထိုသို့ရေကစားရာတွင်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများ၌ စတုဒိသာများကျွေးမွေးဧည့်ခံကြပြီး ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာ များဝင်ရောက်စားသောက်ကြပြီး ရေပက်ခံထွက်ကြကြောင်း သိရသည်။
သင်္ကြန်အကြတ်နေ့တွင်လည်းဂွမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများရှိ သင်္ကြန်မဏ္ဍပ်တွင် ယိမ်းအကဖွဲ့များမှ အကအလှများဖြင် ဖျော်ဖြေ လျက်ရှိကြောင်းသိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment