ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများ သြဝါဒခံယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများ သြဝါဒခံယူ





MNP - ဧပြီ   ၂၆

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများ သြဝါဒခံယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ အမှတ် (၅) အခြေံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ် (၁၈) ရပ် ချမှတ်ပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသလို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ရည်ရွယ်ချက် (၂) ရပ်၊ ရည်မှန်းချက် (၄) ရပ်၊ လုပ်ငန်းစဉ် (၉) ရပ်တို့ကို ချမှတ်ပြီး တိုင်းရင်းသား လူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း၊ မောင်တို့မယ်တို့ ယခုတက်ရောက်ပညာသင်ကြားမည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင်လည်း ရည်ရွယ်ချက်(၅)ရပ်စီ ချမှတ်ပြီး အဆင့်မြင့်ပညာရပ်များ သင်ကြားပေးလျက်ရှိပါကြောင်း၊ အဆင့်မြှင့် တက္ကသိုလ်ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်မှာလည်း မောင်တို့မယ်တို့အတွက် အဓိကကျသော အချက်တစ်ခုဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ လူငယ်တစ်ဦးချင်းစီတွင် ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးစိတ်ဓါတ်များ ပိုမိုရင့်သန်ခိုင်မြဲလာပြီး နိုင်ငံချစ်စိတ်၊ ဒေသကိုအကျိုးပြုလိုစိတ် တိုးပွားလာအောင်ဆောင်ရွက်၍ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာတွင် မောင်တို့မယ်တို့အနေဖြင့် ကျရာအခန်း ကဏ္ဍမှ ပါဝင်ထမ်းရွက်ကျမည့် နိုင်ငံအကျိုးပြု လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) သို့တက်ရောက်မည့် သင်တန်းသား/သူများအား ရှမ်းပြည်နယ် အစိုးအဖွဲ့မှ ထောက်ပံငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက လက်ခံရယူပြီး  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ်  (စစ်ကိုင်း) ပညာရေးဘွဲ့ (၅) နှစ်၊ သင်တန်း အမှတ်စဉ် (၉) တက်ရောက်မည့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ စုပေါင်းအမှတ်တရ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း ) သို့တက်ရောက်မည့် သင်တန်းသား/သူများတွင် B.Ed (စစ်ကိုင်း) သို့ ကျား (၃) ဦးမ၊ မ (၂၁) ဦး စုစုပေါင်း (၂၄) ဦး၊ ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ ကျား (၂၁) ဦး၊ မ (၂၄) ဦး ပေါင်း  စုစုပေါင်း သင်တန်းသား/သူ (၇၁) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)