MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန သုံးခု ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များ နှင့်အညီကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရူပဗေဒ ဘာသာ ရပ်အား ကျောင်းသား/ သူ များ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၁) အခြေ ခံ ပညာ အထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခုတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၂၂၉)ဦး ရှိသည့် အ နက် ရူပဗေဒ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၇၃၈)ဦး နှင့် မ(၃၄၆)ဦး ပေါင်း (၁၀၈၄) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၁၂၁) ဦး၊မ (၂၄)ဦးပေါင်း (၁၄၅)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၈.၂၀) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၁၁.၈၀)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများ ထားရှိကာ ကူညီဆောင်ရွက် ပေး လျက် ရှိကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
Myanmar National Post





No comments:
Post a Comment