အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံသစ်ကို တည်ဆောက်ထားသည့် စိန်ရတနာ နာရေးကူညီမှု အသင်းသို့ အလှူရှင် များက အလှူငွေများ လာရောက်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံသစ်ကို တည်ဆောက်ထားသည့် စိန်ရတနာ နာရေးကူညီမှု အသင်းသို့ အလှူရှင် များက အလှူငွေများ လာရောက်လှူဒါန်း



MNP -  ဧပြီ    ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယ လူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူ ပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကွယ်လွန်သူ(ဦးရဲထွန်း)အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၁)သိန်းနှင့် ကွယ်လွန်သူ ကိုကျော်ကျော်နိုင်(ခ)ချစ်ချစ်အား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ်(၁) သိန်းတို့ကို အသီးသီး လာရောက်လှူဒါန်းရာ စိန်ရတနာနာရေး ကူညီမှုအသင်းမှ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတွင် တစ်ရက်လီတာ (၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အေက်ဆီဂျင် စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ အောက် တိုဘာလ(၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်နေသော ပြည်သူများ အသုံးပြုလျက်ရှိသည်။ စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲထက်ကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)