MNP - ဧပြီ ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဇံနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေရာအဖွဲ့များ ပူးပေါင်းကာ မြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများအား ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဈေးရောင်းသူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီမှု အခြေအနေများအား တစ်ဦးချင်း စစ်ဆေးမေးမြန်းကာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးစီးသူ (၃၅၀) ဦးတို့မှ ဆေးထိုးလက်မှတ် ပြသနိုင်ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်များ ပြသနိုင်ခြင်းမရှိသည့် ဈေးဆိုင်ခန်းများအား ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံထားသည့် လက်မှတ်များရယူရန်နှင့် ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်အရေအတွက် ပြည့်ဝစွာထိုးနှံကြရန်တို့ကို မှာကြား ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်သာယာဈေး၌ ဆိုင်ခန်းပေါင်း (၇၄၃) ခန်းရှိပြီး ဈေးရောင်သူ ၉၀% မှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ အဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်ဇံထံမှ သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနိုးဆော်ခြင်း၊ ဈေးရောင်း/ ဈေးဝယ်သူများအနေဖြင့် Mask တပ်ဆင်စေပြီး ဈေးရောင်း/ ဈေးဝယ်ပြုလုပ်ကြရန်တို့ကို စဉ်ဆက်မပြတ် နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - လှကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment