စာတတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုး ထားတတ်အောင်၊ မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထားတတ်အောင် သင်ကြားပေးစေလိုပါကြောင်း လားရှိုးတက္ကသိုလ်ဆရာ၊ ဆရာမများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာတတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုး ထားတတ်အောင်၊ မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထားတတ်အောင် သင်ကြားပေးစေလိုပါကြောင်း လားရှိုးတက္ကသိုလ်ဆရာ၊ ဆရာမများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ပြောကြား


MNP  ၊ ဧပြီ  ၉

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့ ညနေပိုင်းက လားရှိုး တက္ကသိုလ်သို့ရောက်ရှိကာ လားရှိုးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးရာတွင် စာတတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာ အောင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုး ထားတတ်အောင်၊ မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထားတတ်အောင် သင်ကြားပေးစေလိုပါကြောင်း၊ ပညာရေးလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ဖော် ကိုင်ဖက်အချင်းချင်း၊ ပညာရေးမိသားစုအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင် လက်တွဲဆောင်ရွက် ကြစေလိုပါကြောင်း၊ ဌာနအလိုက် သုတေသနလုပ်ငန်းများဆောင်ရွက် စေလို ကြောင်း၊ သုတေသနအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ လိုအပ်သည်များကို ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း၊ ဌာနအလိုက် သုတေသနနှင့်သင်ကြားရေးအတွက် လိုအပ်မည့် စာအုပ်စာတမ်း များ ဝယ်ယူနိုင်ရန်အတွက် အသုံးစရိတ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)