တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အေရိုးဗစ်သင်တန်း(အခမဲ့)ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အေရိုးဗစ်သင်တန်း(အခမဲ့)ဆင်းပွဲကျင်းပ





MNP - ဧပြီ   ၂၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အေရိုးဗစ်သင်တန်း (အခမဲ့) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Cen) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သင်တန်းမှ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် စနစ်တကျ လေ့လာသင်ယူပေးသည့်အတွက် ဝမ်းသာမိပါကြောင်း၊  ထို့နောက် ပညာရဲရင့် ပွဲလယ်တင့် ဆိုသည့် စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့်  ထူးချွန်ထက်မြက်သော လူငယ် လူရွယ်များဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်များ ဖြစ်ကြစေလိုကြောင်း  ပြောကြားပြီး  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငယ်သူထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန် အားကစား လှုပ်ရှား မှုများကို အမြဲလေ့လာသင့်ပါကြောင်း၊ ကျောင်းသား လူငယ်များ အားကစားစိတ်ဓာတ် ပိုမိုသက်ဝင် ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏ စာရိတ္တဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေးအတွက် သင်ကြား ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသော အကပညာများကိုလည်း မိမိတို့အိမ်တွင် လေ့လာကြစေလိုကြောင်း၊ ဒါ့အပြင် မိမိတို့ သူငယ်ချင်းများကိုလည်း ဖိတ်ခေါ်၍ အကပညာများကို သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာသူများအား သင်တန်းသား၊ သင်တန်းသူများက အေရိုး ဗစ်ကကွက်များဖြင့် ကပြဖြေဖျော်ပေးကြကြောင်း သိရသည်။

သတင်း - ရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)