အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများအတွက် နွေရာသီ အခြေခံပန်းချီပညာသင်တန်း စတင်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများအတွက် နွေရာသီ အခြေခံပန်းချီပညာသင်တန်း စတင်ဖွင့်လှစ်




MNP - ဧပြီ   ၂၈

အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများ အနုပညာကို စိတ်ပါဝင်စားမှုရှိလာစေရန်၊ ပန်းချီပညာကို လေ့တာသင်ယူတတ်မြောက်စေရန်၊ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးမှု၊ တွေးခေါ် မျှော်မြင်မှု ရင့်သန်တိုးတက်လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီပညာသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)၌ (၂၇.၄.၂၀၂၂)ရက်နေ့မှ (၁၁.၅.၂၀၂၂)ရက်နေ့ထိ ပန်းချီအနုပညာရှင် ဆရာကြီးများမှ ပန်းချီပညာအခြေခံများကို အနီးကပ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းအယ်ဘဲ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)