ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းသို့ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းသို့ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း



MNP -  ဧပြီ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက် ၈ နာရီက ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းတိုက် ဆရာတော်ဘုရားကြီးအား သိက္ခာထပ်အလှူသို့ တက်ရောက်၍ သိမ်ဆင်းသံဃာအပါး (၉၂)ပါးအား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ  ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဇနီးမိသားစုမှ သီလပေးဆရာတော်နှင့် သိက္ခာထပ်ဆရာတော် (၂)ပါးအား သင်္ကန်နှင့်ဝတ္တုငွေ ငါးသောင်းကျပ်စီနှင့် ပင့်သံဃာအပါး (၂၀)အတွက် တစ်ပါးလျှင် ဝတ္တုငွေ သုံးသောင်းကျပ်စီဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နတခတိုင်းမှူးမှ သိက္ခာထပ်ဆရာတော်အား သင်္ကန်ဆပ်ကပ်လှူဒါန်း၍ ရေစက်ချ တရားနာကြားခဲ့ကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ၁၁ နာရီအချိန်ခန့်၌ ရွှေလှေ ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လျှပ်စစ်မီး 11 KV လိုင်းကို အစိုးရမှ ဆောင်ရွက်ပေးမည်ဖြစ်၍ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီမှ 400 Vot လိုင်းအတွက် ကုန်ကျမည့်ငွေအား စုဆောင်းထားကာ တစ်ပြိုင်တည်း မီးချိတ်ဆက်လင်းနိုင်ရေး ကြိုတင်ဆောင်ရွက်ထားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး အစိုးအဖွဲ့ အတွင်းရေးမှူး၏ ဇနီးနှင့် အဖွဲ့များမှ တပ်မတော်ကျောင်းပြုပြင်တည်ဆောက်ရန်အတွက် အလှူငွေလေးသိန်းကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ပြည့်ဖြိုးကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)