သာစည်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့



MNP - ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဧပြီ ၁၉ ရက်မှ ၂၂ ရက်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခဲ့သော လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသောငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို  ယမန်နေ့  မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ဧည့်ခန်းမ၌ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲ၌ မြို့နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားရာတွင် တာဝန်ရှိသူများ အနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက  အချိန်နှင့်တပြေးညီ တင်ပြကြရန်နှင့် ယခု ထောက်ပံ့ပေးမှုများအား လေဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက် ကြရန်မှာကြားသည်။ ထို့နောက် မြို့နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အေးအေးစိုးတို့က  သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများမှတဆင့်  လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်  မြင်ခြံကျေးရွာ၊ မင်းကန်ကုန်းကျေးရွာ၊ ရွှေတုတ်ကုန်း ကျေးရွာ၊ ညောင်ပင်လှကျေးရွာနှင့် လှိုင်းတက်ကျေးရွာတို့မှ  အမိုးလန်နေအိမ် ၂၂ လုံး၊ နေအိမ်ပြိုကျ ၁ လုံးနှင့် လေဘေးသင့်ပြည်သူ ၉၁ ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေကျပ်စုစုပေါင်း  ၁၇၈၁၆၀၀ နှင့် ပြိုကျနေအိမ်အတွက် ငွေကျပ်  ၄၉၀၃၆  တန်ဖိုးရှိ  ကယ်ဆယ်ရေးပစ္စည်း  ၁၇  မျိုးပါ ပုံးတစ်ပုံးတို့ကို   ထောက်ပံ့ခဲ့ကြောင်း လည်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)