ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကချင်ပြည်နယ် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ဆရာ/ဆရာမများနှင့်တွေ့ဆုံ၊ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကချင်ပြည်နယ် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ဆရာ/ဆရာမများနှင့်တွေ့ဆုံ၊ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး






MNP -  ဧပြီ    ၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင်ထားမှုနှင့် ကျောင်းဆောင် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းခန်းမတွင် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍  ပညာရေးဒီဂရီကောလိပ် ဆရာဆရာမများအနေဖြင့်   ဆရာ ဆရာမလောင်းလျာ ကျောင်းသား ကျောင်းသူများကို သင်ကြားပေး ရာတွင် စာတတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်အောင်၊ မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထား တတ်အောင်  သင်ကြားပေးစေလို ပါကြောင်း၊ သို့မှသာ ပညာရေးဒီဂရီကောလိပ်များက သင်ကြားပေးလိုက် သည့် ဆရာဆရာမများက ကျောင်းသားကျောင်းသူ လူငယ်များကို နိုင်ငံတော်ကအားထားရသည့် စည်းကမ်း ရှိသော၊ ယဉ်ကျေး လိမ်မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝသောသူများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တပည့်များကို မိမိတို့ထက်တော်သော ထူးချွန်သောသူများ ဖြစ်စေရန် မိမိတို့တတ်ကျွမ်းသည့် အသိပညာ အတတ်ပညာများကို ဆရာစားမချန်ဘဲ သင်ကြားပို့ချပေးစေ လိုပါကြောင်း၊ စာသင်ကောင်းသည့် ဆရာဆရာမများ ဖြစ်ရန် စာပေဗဟုတများကိုလည်း အမြဲမပြတ် လေ့လာရန်လို ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် အတွက် ကျောင်းအတွင်း သန့်ရှင်းသပ်ရပ်ကောင်းမွန်သော ကျောင်းဥပဓိရုပ်နှင့်ပြည့်စုံရန် ဆောင်ရွက်ထားကြစေလိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အားလုံး ဝိုင်းဝန်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေး လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ပညာရေး မိသားစုအချင်းချင်း ကိုယ်ချင်းစာတရားထားရှိဆက်ဆံကာ အောင်မြင်အောင်လက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ပညာရေးဒီဂရီကောလိပ်၏ သင်ကြားရေးရာ၊ စီမံရေးရာကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ လာမည့် မေလ(၁၂) ရက်တွင် ပညာရေး ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာဆရာမများအားလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်း လက်တွဲ ပြင်ဆင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များနှင့်လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်း၊  အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)